ကက က္က

တရုတ်-မြန်မာနယ်စပ်တွင် တရုတ်တပ်မတော်က ကျည်အစစ်အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုပြုလုပ်မ...

တရုတ်-မြန်မာနယ်စပ်တွင် တရုတ်တပ်မတော်က ကျည်အစစ်အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည် ===================================== Xinhua ကူမင်း ဇွန် ၁ ===================================== တရုတ်နိုင်ငံချန်ဒူးစစ်ဌာနချုပ် သတင်းထုတ်ပြန်ရေးပြောရေးဆို ခွင့်ရှိသူ Zhao Picong က ချန်ဒူး စစ်ဌာနချုပ်အနေဖြင့် ယူနန်ပြည် နယ်အတွင်းကြည်းနှင့်လေပူးပေါင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟု ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ သည်။ ထုတ်ပြန်ချက်တွင် ယခုလ ၂ ရက်၌ တရုတ်-မြန်မာနယ်စပ်တွင် ကျည်အစစ်အသုံးပြု၍ စစ်ရေးလေ့ ကျင့်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးချိန်ကို သီးခြားထုတ်ပြန်သွားမည်ဟု ဖော် ပြထားသည်။ စစ်ရေးလေ့ကျင့်စဉ်အတွင်း ခွင့်ပြုချက်မရရှိဘဲမည်သည့်ပျံသန်း နိုင်သောအရာဝတ္ထုမှ လေ့ကျင့်ရေး လေကြောင်း ဧရိယာအတွင်း ဝင် ရောက်ခြင်းမပြုရန်၊ကားနှင့်လူများ အနေဖြင့် ယာဉ်စည်းကမ်းသတ် မှတ်ချက်များကို လိုက်နာသွားရန်၊ ခွင့်ပြုချက်မရှိဘဲ စစ်ရေးလေ့ကျင့်မှု ဧရိယာအတွင်းဝင်ရောက်ခြင်းမပြု ရန်နှင့် စစ်ရေးလေ့ကျင့်မှုအနေဖြင့် ပြည်သူတို့၏ ပုံမှန်နေထိုင်သွားလာ မှုကိုအနှောင့်အယှက်မဖြစ်နိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ ထုတ်ပြန်ချက်အရ စစ်ရေး လေ့ကျင့်မှု အစီအစဉ်ကို ချန်ဒူး စစ်ဌာနချုပ်တပ်ဖွဲ့များက ယခုလ ၂ ရက်တွင် စတင်မည်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ် တောင် ဘက်ရှိ နယ်ခြားမှတ်တိုင်အမှတ် ၁ဝ၅-၁ (မြောက်လတ္တီတွဒ် ၂၄ ဒီဂရီ ဝ၅ မိနစ် ဝ၂ ဒသမ ၅ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၃၅ မိနစ် ၃၃ ဒသမ ဝ စက္ကန့်)မှ နယ်ခြားမှတ်တိုင်အမှတ် ၁၄၄-၄ (မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၂၈ မိနစ် ၄၃ ဒသမ ၂ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၄၉ မိနစ် ၃၅ ဒသမ ၅ စက္ကန့်)အထိကျည်အစစ်အသုံးပြု၍ ကြည်းနှင့်လေ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပါဝင် သည်။ ဂျင်းမာ(Geng Ma)မြို့နှင့်ကျင့် ခန်း (Zhen Kang)မြို့သို့ဝင်ရောက် လာသော ကားနှင့်လူများအနေဖြင့် သတ်မှတ်ထားသောယာဉ်စည်းကမ်း များလိုက်နာသွားရန်နှင့်ဒေသတွင်းရှိ ပြည်သူများအနေဖြင့် ဒေသအစိုးရ နှင့်စစ်ရေးလေ့ကျင့်မှု တပ်ဖွဲ့မှ ညွှန် ကြားချက်များကို လိုက်နာသွားရ မည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာလုပ်ထုံးလုပ်နည်း အရနှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော် ယခင်ကရရှိခဲ့သော သဘောတူညီ မှုများအရစစ်ရေးလေ့ကျင့်မှုနှင့်ပတ် သက်သောအကြောင်းအရာများကို မြန်မာနိုင်ငံဘက်ကို အကြောင်း ကြားထားပြီးဖြစ်သည်ဟုဆိုသည်။ http://uniondaily.net/News/DetailView.aspx?id=22978&path=LatestNews.aspx

FG_AUTHORS: ပြည်ထောင်စု နေ့စဉ်

Read more http://www.facebook.com/permalink.php?story_fbid=462441423925374&id=139677556201764

 

 

နောက်ဆုံးရ သတင်းများ

Google+