ကက က္က

ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ဆေးဝါးကုသမှုခံယူနေသူများအား တွေ့...

ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ဆေးဝါးကုသမှုခံယူနေသူများအား တွေ့ဆုံအားပေး ========================================= အောင်ဆန်းဝင်း (ကြံခင်း) ========================================= ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များသည် ပန်းတောင်းမြို့နယ် အမှတ်(၁၂) အကြီးစားစက်ရုံဆေးခန်း၌ ဆေးဝါးကုသမှုခံယူနေသော ကြံခင်းမြို့နယ် ခုံကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမြင့်ခိုင် ကို မေ ၃ဝ ရက် နံနက်ပိုင်းက သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ အတွင်းရေးမှူးနှင့်အဖွဲ့သည် သစ်စိမ့်ကိုင်း ကျေးရွာသို့ရောက်ရှိပြီး လွန်ခဲ့သောရက်များက ကျန်းမာရေး ဆိုးရွားမှုကြောင့် ဆေးရုံတက်ရောက်ကုသခဲ့ရသည့် ကျေးရွာအုပ်စု စည်းရုံးရေးမှူး ဦးကိုကြည်ကို ၄င်း၏နေအိမ်တွင် သွားရောက်တွေ့ဆုံကာ ကျန်းမာရေးအခြေအနေတို့ကို မေးမြန်းအားပေးလျက် ဦးကိုကြည်၏နေအိမ်တွင် ရောက်ရှိနေသော ဒေသခံပြည်သူများနှင့် တွေ့ဆုံကာရပ်ရွာအကျိုးပြုဆောင်ရွက် ပေးနိုင်မည့်အခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ http://uniondaily.net/News/DetailView.aspx?id=22992&path=USDP.aspx

FG_AUTHORS: ပြည်ထောင်စု နေ့စဉ်

Read more http://www.facebook.com/139677556201764/photos/a.142133502622836.1073741828.139677556201764/462441317258718/?type=1

 

 

နောက်ဆုံးရ သတင်းများ

Google+