ကက က္က

ပါတီဗဟိုကော်မတီအစည်းအဝေးအပြီးသတင်းစာရှင်းလင်းပွဲကျင်းပ =========================...

ပါတီဗဟိုကော်မတီအစည်းအဝေးအပြီးသတင်းစာရှင်းလင်းပွဲကျင်းပ ======================================= ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်ဗဟိုကော်မတီအစည်းအဝေးဒုတိယနေ့ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသူရဦးရွှေမန်းအပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပါတီဗဟိုကော်မတီဝင်များတက်ရောက်ခဲ့ပြီး အစည်းအဝေးကိုအစီအစဉ် ၁၅ ခုဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးအပြီးညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံးတွင်ဗဟိုအတွင်းရေးမှူး ဦးသိန်းဆွေ၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသောဦးစိုးနိုင်၊ ဦးအောင်ထွန်းနှင့် ဦးဇော်မြင့်ဖေတို့က ဦးဆောင်ကျင်းပခဲ့သည်။ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပမှသတင်းမီဒီယာ ၄ဝ ခန့်တက်ရောက်ခဲ့ရာ ၄င်းတို့၏ မေးမြန်းချက်များနှင့် ဦးသိန်းဆွေနှင့် ဦးဇော်မြင့်ဖေတို့၏ ဖြေကြားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ မေး။ ပြည်ခိုင်ဖြိုးပါတီကနေ သမ္မတလောင်းအနေနဲ့ ဘယ်သူ ဝင်ပြိုင်မှာလဲ။ ဖြေ။ သမ္မတလောင်းစာရင်း မထုတ်ပြန်သေးဘူး။ ထုတ်ပြန်ဖို့ လဲမရှိပါဘူး။ သို့သော် ရွေး ကောက်ပွဲအောင်နိုင်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးစီးပြီး ကျွန်တော်တို့ရဲ့ ဗဟို အလုပ်မှုဆောင်တွေ၊ တိုင်းနဲ့ပြည် နယ်တွေက ပါတီဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေပါတဲ့ အဖွဲ့ကို ကျွန်တော်တို့ဖွဲ့ထားတာ ဖြစ်ပါ တယ်။ မေး။ ပါတီဥက္ကဋ္ဌ နေရာ ဦးရွှေမန်းပဲ ၂ဝ၁၅ ရွေးကောက် ပွဲအလွန်ဥက္ကဋ္ဌတာဝန်ထမ်းဆောင် မှာလား။ ဖြေ။ နိုင်ငံတော်သမ္မတကြီး က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခုလက်ရှိမှာ ပါတီတာဝန်ထမ်း ဆောင်လို့ မရပါဘူး။ ဒါကြောင့် ဒုတိယဥက္ကဋ္ဌဖြစ်တဲ့သူရဦးရွှေမန်း ကဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေပါ တယ်။ ပြီးရင် ရွေးကောက်ပွဲ အောင်နိုင်ရေးဥက္ကဋ္ဌအဖြစ် ပါတီ ဗဟိုကော်မတီက တာဝန်ပေးထား ပါတယ်။ အဲ့ဒီတော့ ၂ဝ၁၅ ရွေး ကောက်ပွဲကျင်းပတဲ့အထိ သူရ ဦးရွှေမန်းဟာပါတီဗဟိုအောင်နိုင် ရေးကော်မတီဥက္ကဋ္ဌဖြစ်နေမှာပါ။ မေး။ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲပြီးတဲ့အထိ လက်ရှိ သမ္မတဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍ က ပြည်ခိုင်ဖြိုးမှာမပါဘူးလို့ပြော လို့ရမလား။ ဘယ်အခန်းကဏ္ဍ ကပါဝင်နေပါမလဲ။ ဖြေ။ အဲ့လိုပြောလို့ မရဘူး။ သမ္မတအခန်းကဏ္ဍကရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူက ပါတီ တာဝန်ထမ်းဆောင်လို့ မရ ပါဘူး။ သို့ရာတွင် သူကဝင်ပြိုင် ချင်ရင် ဥပဒေအရခွင့်ပြုတဲ့ အချိန် မှာ နိုင်ငံတော်သမ္မတတွေရော၊ ပြည်ထောင်စုဝန်ကြီးတွေရောဥပဒေ အရခွင့်ပြုတဲ့အချိန်မှာ ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ မေး။ နိုင်ငံတော်သမ္မတကြီး အနေနဲ့အနားယူပြီး ရွေးကောက် ပွဲဝင်မယ်ဆိုရင်ပါတီကလက်ခံမှာ လား။ ဖြေ။ အဲ့ဒါကတော့ ပါတီက ဆုံးဖြတ်ချက်ပဲအတည်ဖြစ်ပါမယ်။ အဓိကကတော့ ပါတီညီလာခံရဲ့ ဆုံးဖြတ်ချက်ပဲအတည်ဖြစ်ပါမယ်။ မေး။ တပ်မတော်သားတွေပါ လာမယ်ဆိုရင် ပါတီအနေနဲ့ ၂ဝ၁၅မှာ ဘယ်လောက်ရာခိုင်နှုန်း ပါမှာလဲ သိချင်ပါတယ်။ ဖြေ။ အခုချိန်ထိဘယ်လောက် ရာနှုန်းပါမယ်ဆိုတာကို မပြောနိုင် သေးပါဘူး။ တပ်မတော်သား၊ အငြိမ်းစားတွေ၊ အရပ်ဘက်က ဝန်ထမ်း အငြိမ်းစားတွေလည်း ပါနိုင်ပါတယ်။ ပါတီစည်းမျဉ်း စည်းကမ်းတွေလိုက်နာနိုင်သူ၊ ပြည် သူလူထုနဲ့ပါတီဝင်ထုကလက်ခံနိုင် ပြီးတော့ပါတီအလုပ်အမှုဆောင် အဖွဲ့ကအောင်နိုင်မယ်လို့ ယုံကြည် တဲ့သူကို ရွေးချယ်တာဝန်ပေးမှာ ဖြစ်တဲ့အတွက် အခုအချိန်မှာ ရွေး ချယ်ဆဲကာလဖြစ်လို့ ဘယ်သူက ဘယ်လောက်ရာနှုန်းပါမယ်ဆိုတာ ကို အတိအကျပြောလို့မရပါဘူး။ မေး။ ၂ဝ၁၅ရွေးကောက်ပွဲ မှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ဘယ်လောက်ယှဉ်ပြိုင် မှာလဲ။ ကြုံတွေ့လာမယ့်အခက် အခဲတွေ နောက်ပြီးတော့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးရဲ့အား သားချက်ကဘာတွေဖြစ်မလဲ။ http://uniondaily.net/News/DetailView.aspx?id=22986&path=USDP.aspx

FG_AUTHORS: ပြည်ထောင်စု နေ့စဉ်

Read more http://www.facebook.com/139677556201764/photos/a.142133502622836.1073741828.139677556201764/462441167258733/?type=1

 

 

နောက်ဆုံးရ သတင်းများ

Google+