ကက က္က

၂ဝ၁၅ရွေးကောက်ပွဲတရားမျှတလွတ်လပ်သန့်ရှင်းစွာဖြစ်မြောက်စေရေးနှင့် ရွေးကောက်ပွဲလွန်...

၂ဝ၁၅ရွေးကောက်ပွဲတရားမျှတလွတ်လပ်သန့်ရှင်းစွာဖြစ်မြောက်စေရေးနှင့် ရွေးကောက်ပွဲလွန် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအလေးအနက်ဆောင်ရွက်မည် ========================================= ရန်ကုန် ဇွန် ၁ ========================================= ၂ဝ၁၅ ရွေးကောက်ပွဲကို သတ်မှတ်ချိန်တွင် တရားမျှတစွာ၊ လွတ်လပ်သန့်ရှင်းစွာဖြစ်မြောက်စေရေးနှင့် ရွေးကောက်ပွဲလွန်နိုင်ငံ တော်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့ပါတီက အလေးအနက်ထားဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ယမန်နေ့က ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီစတုတ္ထအကြိမ်အစည်း အဝေးဒုတိယနေ့တွင်ပြောကြားခဲ့သည်။ ''ကျွန်တော်တို့ ပါတီဟာ အဲဒီလို တက်တက်ကြွကြွပါဝင်ဆောင်ရွက်မှုမရှိဘူးဆို ရင်ခုနကတင်ပြခဲ့တဲ့အထွေထွေရွေးကောက် ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအပြင် ရွေး ကောက်ပွဲအလွန်ကာလမှာ တည်ငြိမ်အေး ချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက်ကျွန်တော် တို့စိတ်ပူစရာများရှိတဲ့အတွက် ကျွန်တော် တို့ပါတီဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်၊ပြည်ထောင်စုအစိုးရ နဲ့တိုင်းဒေသကြီးအစိုးရများရဲ့ ဆောင်ရွက် ချက်ပါဝင်မှု၊ လွှတ်တော်အသီးသီးရဲ့ပါဝင် မှုနဲ့ပါတီဝင်အသီးသီးရဲ့ပါဝင်မှုဟာ အရေး ကြီးတဲ့နေရာမှာ ကျွန်တော်တို့ပါတီရဲ့ပါဝင် မှုဟာ အင်မတန်မှအရေးကြီးပါတယ်''ဟု သူရဦးရွှေမန်းကပြောကြားသည်။ ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိရန် ကြိုးစား ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူများကို အလုပ်အကျွေးပြုဖို့ဖြစ်ကြောင်း၊ ပြည်ခိုင် ဖြိုးပါတီသည်ခိုင်မာတောင့်တင်းပြီး နိုင်ငံ တော်အတွက် နိုင်ငံရေးဦးဆောင်မှုပြုနိုင် သည့်ပါတီကြီးတစ်ရပ်ဖြစ်ကြောင်း၊ အချိန် ကာလကြာရှည်စွာနိုင်ငံရေးဦးဆောင်မှုများ ဆောင်ရွက်နိုင်မည်ဟု ရဲရဲတင်းတင်းပြော ကြားလိုကြောင်း ပါတီဥက္ကဋ္ဌသူရဦးရွှေမန်း ကပြောကြားသည်။ ''ပါတီအောင်နိုင်မှသာလျှင်ကျွန်တော် တို့နိုင်ငံတည်ငြိမ်အေးချမ်းပြီး အမျိုးသား အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်တဲ့ တစ်ခုတည်းသော ပါတီကြီးဖြစ်တယ်လို့ ပဲပြောချင်ပါတယ်။ ဒါကြောင့် အောင်မြင် မှုရရှိဖို့အတွက် ပြည်သူများရဲ့ယုံကြည်မှုက အရေးကြီးပါတယ်။ ပြည်သူပါတဲ့ဘက်က အနိုင်ရပါလိမ့်မယ်။ကျွန်တော်တို့ဟာပြည်သူ အပေါ်ရိုးသားဖို့လိုပါတယ်။ ပြည်သူအပေါ် မလိမ်ညာမလှည့်စားဖို့လိုပါတယ်။ ကျွန်တော် တို့ရဲ့ရိုးသားမှု၊ ကျွန်တော်တို့ကပြည်သူပေါ် လေးစားမှုများကတစ်ဆင့် ပြည်သူများရဲ့ ယုံကြည်မှုရအောင်ဆောင်ရွက်နိုင်မှသာလျှင် ကျွန်တော်တို့ နိုင်ချင်တယ်ဆိုတဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကြီးဟာ သေချာ မှာဖြစ်ပါတယ်''ဟု ၄င်းကထပ်လောင်း ပြောကြားသည်။ ထို့ပြင်ပါတီအနိုင်ရရှိရေးသည် ပြည်သူများ၏ ယုံကြည်ထောက်ခံ အားပေးမှုအပေါ်တွင် မူတည်ခြင်းကြောင့်ပါတီမှသတ်မှတ်ရွေးချယ်တာဝန် ပေးလိုက်သည့် ကိုယ်စားလှယ်လောင်းများကို ပြည်သူယုံကြည်ထောက်ခံ ရန်လိုအပ်ကြောင်း၊ ပါတီသည် ပြည်သူ့ပါတီမဟာဗျူဟာအဖြစ် ရည်မှန်း ချက်ထားဆောင်ရွက်သည့်နေရာတွင် ယနေ့အတိုင်းအတာတစ်ခုထိရောက် ရှိနေပြီဟုပြော၍ရကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီးနယ် မြေအသီးသီးမှ ပါတီဥက္ကဋ္ဌများ၊ အချို့ပါတီအတွင်းရေးမှူးများ၏တင်ပြ ချက်များသည်အောင်မြင်မှုရာခိုင်နှုန်း ၆ဝ ပတ်ဝန်းကျင်ထိရရှိနေပြီဟုပြော ကြားချက်များသည် ပါတီအတွက်ဝမ်းမြောက်စွာဖြစ်သကဲ့သို့နိုင်ငံအတွက် လည်း ဂုဏ်ယူရမည့်ကိစ္စတစ်ခုဖြစ်ကြောင်း သူရဦးရွှေမန်းကပြောသည်။ http://uniondaily.net/News/DetailView.aspx?id=22976&path=USDP.aspx

FG_AUTHORS: ပြည်ထောင်စု နေ့စဉ်

Read more http://www.facebook.com/permalink.php?story_fbid=462440980592085&id=139677556201764

 

 

နောက်ဆုံးရ သတင်းများ

Google+