ကက က္က

စက်မှုလယ်ယာကူးပြောင်းရေး သမဝါယမကဖြည့်ဆည်းပေး ===================================...

စက်မှုလယ်ယာကူးပြောင်းရေး သမဝါယမကဖြည့်ဆည်းပေး =================================== ဖေထွဏ်းဇော် (ရေစကြို) =================================== မကွေးတိုင်းဒေသကြီးရေစကြို မြို့နယ်၏ လယ်ယာကဏ္ဍသည် တပ်မတော်အစိုးရလက်ထက်တွင် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာသည်ဟု ဆိုရပေမည်။ အကြောင်းမှာ ၁၉၈၈ ခုနှစ် မတိုင်မီကာလက ရေစကြိုမြို့နယ်၏ ဒေသဝမ်းစာ ဆန်ဖူလုံမှုမှာ ၁၆ ရာခိုင်နှုန်းခန့်သာရှိခဲ့ကြောင်း လေ့လာသိရသည်။ တပ်မတော်အစိုးရလက်ထက်တွင် ရေစကြိုမြို့နယ်အတွင်း ဆည်တမံငါးခု၊ လျှပ်စစ်မြစ်ရေတင်ခုနစ်ခုတို့ကို တည်ဆောက်၍ စိုက်ပျိုးရေရရှိရေး ဖန်တီးပေးခဲ့သဖြင့် မိုးစပါးအပြင် နွေစပါးကိုပါ စိုက်ပျိုးနိုင်ခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် ယာမှလယ်ပြောင်းလဲ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခုအခါ မိုးစပါး ဧက ၃ဝဝဝဝ ကျော် နှင့် နွေစပါး ဧက ၆ဝဝဝ ကျော်အထိ တိုးတက်စိုက်ပျိုးနိုင်ခဲ့သဖြင့် ဒေသဝမ်းစာ ဆန်ဖူလုံမှုမှာ ၆ဝ ရာခိုင်နှုန်း ရှိလာပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ မိုးစပါး၊ နွေစပါးများ ကို စိုက်ပျိုးထုတ်လုပ်ရန် မြေယာထွန်ယက်ပြုပြင်ရာတွင် ကျွဲ၊ နွားများကိုသာ အားထားခဲ့ကြရသည်။ ယခုအခါ နွေစပါး၊ မိုးစပါးအပြင် ဆောင်းသီးနှံပါ အချိန်မီစိုက်ပျိုး ထုတ်လုပ်ရန်အတွက် မြေယာထွန် ယက်ပြုပြင်ရာတွင် လုပ်ငန်းလိုအပ်ချက်အရ ကျွဲနွားများအစား လယ်ယာသုံးစက်ပစ္စည်း ကိရိယာများ လိုအပ်လာသည့်အတွက် ဒေသခံတောင်သူများသည် တစ်ပိုင်တစ်နိုင် လယ်ယာသုံး စက်ပစ္စည်းကိရိယာများကို ဝယ်ယူအသုံးပြုလာကြသည်။ ဒေသခံတောင်သူများ၏လယ်ယာကဏ္ဍကို မြှင့်တင်ပေးနိုင်ခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချနိုင်ရေးကို တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းသောအားဖြင့် သမဝါယမဝန်ကြီး ဌာနအောက်ရှိ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ ကိုရီးယားနိုင်ငံထုတ် Dae Dong လယ်ထွန်စက်များကို အရစ်ကျငွေ ပေးချေစနစ်ဖြင့် ရောင်းချပေးသည့်အတွက် ရေစကြိုမြို့နယ်တွင် ငွေကျပ် ၁၉၄ သိန်းကျော်တန် မြင်းကောင်ရေ ၅ဝ အား ထွန်စက်ခုနစ်စီးနှင့် ငွေကျပ်သိန်း ၂၄ဝ ကျော် တန် မြင်းကောင်ရေ ၆ဝ အားရှိ ထွန်စက် ၁၃ စီး ဝယ်ယူထားရှိပြီး ဖြစ်ကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရသည်။ မေ ၂၉ ရက်က ရောက်ရှိလာသော အစီး ၂ဝ ထဲမှ တစ်စီးကို အောင်မြင့်မိုရ် လယ်ယာထွက်ကုန် သမဝါယမအသင်းက ဝယ်ယူထားကြောင်း သိရသည်။ ''ကျွန်တော်တို့လယ်ယာ လုပ်ငန်းခွင်မှာ ကျွဲ၊ နွား ခေါ်ရတာ အရမ်းခက်တယ်။ လိုချင်တဲ့ရက်မရဘူး။ ဒါကြောင့် အခု Dae Dong ထွန်စက်ကို ဝယ်ဖြစ်သွားတယ်။ ဝယ်ဖို့ ပိုပြီးအဆင်ပြေတာကတော့ တိုင်းဒေသကြီးသမဝါယမ အသင်းစုက အရစ်ကျ ခြောက်နှစ်ဆပ်ဝယ် ခွင့်ရခြင်းကြောင့်ပါပဲ။ ဝယ်ယူပြီး ကြတဲ့လူတွေကို လေ့လာကြည့် တော့ Dae Dong ထွန်စက်တွေက အသုံးကောင်းတယ်ဆိုတာ သိရတယ်။ အဲဒါကြောင့်လဲ ဝယ်ဖြစ် သွားတယ်'' ဟု အောင်မြင့်မိုရ်သမ ဝါယမအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။ ယခုအခါ မြို့နယ်အတွင်း၌ လယ်ထွန်စက်အကြီး၊ အသေးအများအပြား ဝယ်ယူအသုံးပြု လျက်ရှိနေကြပြီး ယခုကဲ့သို့ သမဝါယမမှ တောင်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေး စီစဉ်ပေးမှုကြောင့် ဒေသခံတောင်သူများသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းကြလျက် မိမိတို့၏ စိုက်ပျိုးရေးထုတ်ကုန်များကို ရာသီအမီ စိုက်ပျိုးနိုင်ကြပြီး စက်မှုလယ်ယာသို့ ကူးပြောင်းရောက်ရှိတော့မည် ဖြစ်ကြောင်းသိရသည်။ http://uniondaily.net/News/DetailView.aspx?id=22991&path=LocalNews.aspx

FG_AUTHORS: ပြည်ထောင်စု နေ့စဉ်

Read more http://www.facebook.com/139677556201764/photos/a.142133502622836.1073741828.139677556201764/462440830592100/?type=1

 

 

နောက်ဆုံးရ သတင်းများ

Google+