ကက က္က

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထ...

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေး ========================================= ဝင်းဗိုလ် ( မြန်အောင် ) ========================================= ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကျေးရွာအုပ်စု ၅၇ အုပ်စုရှိ တောင်သူ ၁ရဝဝဝ ကျော်ထံသို့ ငွေကျပ်သိန်းပေါင်း ၉၉ဝဝဝ ကျော်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲမှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေ ၂၉ရက်က စတင်ထုတ်ချေးနေပြီဖြစ်ကြောင်း သိရသည်။ မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ် မန်နေဂျာဒေါ်ခင်မြင့်ရီက ''မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကိုကျေးရွာအုပ်စုအလိုက် မိမိတို့ဆန္ဒသဘောအရပါဝင်တဲ့ တောင်သူသုံးဦး တစ်ဖွဲ့စနစ်နဲ့ လယ်တစ်ဧက ငွေကျပ်တစ်သိန်းနှုန်း ထုတ်ချေးမှာ ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇)ရရှိတဲ့ တောင်သူ တွေကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်'' ဟု ပြောသည်။ ထို့ပြင် မြို့နယ်မန်နေဂျာက မိုးရာသီီစိုက်ပျိုးစရိတ် ချေးငွေ စတင်ထုတ်ချေးသော ရှားတောကျေးရွာအုပ်စုမှ တောင်သူများအား ချေးငွေထုတ်ချေးသည့်စာချုပ်ပါ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ရှားတောအုပ်စုမှ တောင်သူ ၁၁၄ ဦး၊ လယ်မြေ ၅၁၇ ဧကအတွက် ငွေကျပ် ၅၁၇ သိန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။ http://uniondaily.net/News/DetailView.aspx?id=22990&path=LocalNews.aspx

FG_AUTHORS: ပြည်ထောင်စု နေ့စဉ်

Read more http://www.facebook.com/139677556201764/photos/a.142133502622836.1073741828.139677556201764/462440287258821/?type=1

 

 

နောက်ဆုံးရ သတင်းများ

Google+