ကက က္က

ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ရေးမော်ကျွန်း - ဖိုးခမှီဒေါင့် ရေကျော်ပတ်တာ တိုးမြှင်...

ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ရေးမော်ကျွန်း - ဖိုးခမှီဒေါင့် ရေကျော်ပတ်တာ တိုးမြှင့်ခြင်းလုပ်ငန်းဆောင်ရွက် ========================================= မော်ကျွန်း မြင့်အောင် ========================================= မော်လမြိုင်ကျွန်းမြို့နယ် အနိမ့်ပိုင်းလယ်မြေများတွင် မိုးရာသီ ရေလွှမ်းမိုးမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ဆည် မြောင်းဦးစီးဌာနသည် ပတ်တာအမြင့် တိုးမြှင့်ခြင်းလုပ်ငန်းကို မေ ၂၉ ရက်မှစတင်ပြီး ဖိုးခမှီဒေါင့် ရေကျော်ပတ်တာလုပ်ငန်းများကို မြို့နယ်ဆည်မြောင်းဦးစီးဌာနဦးစီးမှူး ဦးကျော်နိုင်ဦးနှင့် အဖွဲ့အစည်းပေါင်းစုံ၊ ဒေသခံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ပေါင်းစုံတို့က လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိသည်။ ယင်းဖိုးခမှီဒေါင့် ရေကျော်ပတ်တာမှာ အရှည် ၁၁ မိုင် လေးဖာလုံရှိပြီး လက်ရှိပတ်တာအမြင့်လေးပေမှ ပတ်တာ အမြင့်သုံးပေတိုးမြှင့်ပြီး ပတ်တာအမြင့် ခုနစ်ပေအထိ တိုးမြှင့်တာဖို့ခြင်း လုပ်ငန်းဆောင်ရွက်လျက် ရှိနေပြီဖြစ်သည်။ ယင်းမော်လမြိုင်ကျွန်းမြို့နယ် ဖိုးခမှီဒေါင့် ရေကျော်ပတ်တာမှာ ဖိုးခမှီဒေါင့် ရေကျော်ကျေးရွာမှ တံခွန်တိုင်ကျုံဝါးကျေးရွာအထိဖြစ်ပြီး ပတ်တာတိုးမြှင့်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက ဖိုးခမှီဒေါင့်၊ တံခွန်တိုင်ကျုံဝါးနှင့် သရက်ကုန်း ကျွန်းဒိပ်ကျေးရွာအုပ်စုများအတွင်းရှိ မိုးစပါးစိုက်ပျိုး ဧကပေါင်း ၄၆၂ဝ ကို မိုးရာသီ ရေလွှမ်းမိုးမှုမှ ကြိုတင်ကာကွယ်နိုင်တော့မည် ဖြစ်သည်။ အဆိုပါ ဖိုးခမှီဒေါင့်၊ တံခွန်တိုင်ကျုံဝါးနှင့် သရက်ကုန်းကျွန်း ဒိပ်ကျေးရွာအုပ်စုနယ်မြေများရှိ တောင်သူလယ်သမားများ အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။ http://uniondaily.net/News/DetailView.aspx?id=22985&path=LocalNews.aspx

FG_AUTHORS: ပြည်ထောင်စု နေ့စဉ်

Read more http://www.facebook.com/permalink.php?story_fbid=462440133925503&id=139677556201764

 

 

နောက်ဆုံးရ သတင်းများ

Google+