ကက က္က

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အရာတော်မြို့နယ်၌ မိုးစပါးဧက ၃၁၁၅ဝ စိုက်ပျိုးမည် =========...

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အရာတော်မြို့နယ်၌ မိုးစပါးဧက ၃၁၁၅ဝ စိုက်ပျိုးမည် ========================================= မင်းဆက်နိုင် (မုံရွာ) ========================================= စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ်တွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်၊ လျှပ်စစ်မြစ် ရေတင်၊ မြေအောက်ရေစနစ်များဖြင့် မိုးစပါးဧက ၃၁၁၅ဝ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မိုးစပါးစိုက်ပျိုးမည့် အခြေအနေနှင့် ပတ်သက်ပြီး ''၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မိုးစပါးစိုက် ရာသီက အရာတော်မြို့နယ်မှာ မိုးစပါးဧက ၂၂၄ဝဝ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခုနှစ်မှာလဲတိုးချဲ့ စိုက်ပျိုးသွားမှာပါ။ မိုးစပါးဧကတွေ တိုးချဲ့စိုက်ပျိုးတဲ့အခါမှာ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးမှာ အခက်အခဲတွေမရှိစေဖို့ အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနအနေနဲ့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းပညာပေးဆွေးနွေးပွဲ တွေ၊လက်တွေ့ပညာပေးသင်တန်းတွေ၊ ကွင်းဆင်းသရုပ်ပြပွဲတွေ လုပ်သွားမယ်။ အဲဒီလိုလုပ်ဆောင်ရင်းနဲ့ တောင်သူတွေအနေနဲ့ ပိုးမွှားအန္တရာယ်ကာကွယ်ရေး၊ ဓာတ်မြေသြဇာစနစ်တကျသုံးစွဲရေး၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးသွားမှာပါ။ စိုက်ပျိုးမယ့် စပါးမျိုးတွေက ပုလဲသွယ်မျိုး ဧက ၂၂ဝ ၊ မနောသုခ ဧက ၃၅ဝဝ၊ ဧရာမင်း ဧက ၁၈ဝဝဝ ၊ IR-747 မျိုး ဧက ၁၈၃ဝ ၊ ဗီယက်နမ် မျိုးဧက ၁ဝဝ ၊ ရေဆင်းလုံးသွယ်မွှေး ဧက ၄ဝဝဝ ၊ ပေါ်ဆန်းဘေးကြား ဧက ၃၅ဝဝ စုစုပေါင်း ဧက ၃၁၁၅ဝ ကို တစ်မြို့နယ်လုံးမှာ စိုက်ပျိုးသွားမှာပါ''ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးကပြောသည်။ အဆိုပါမိုးစပါး ဧက ၃၁၁၅ဝ တွင် ဆည်ရေသောက်စနစ်ဖြင့် ၉၆ဝ၉ ဧက၊ လျှပ်စစ်မြစ်ရေတင် စနစ်ဖြင့် ဧက ၁၃၅ဝ ၊ မြေအောက် ရေစနစ်ဖြင့် ဧက ၃၉ဝဝ၊ မိုး ကောင်းသောက်လယ် ၁၆၂၉၁ ဧကတို့ စိုက်ပျိုးသွားမည်ဖြစ် ကြောင်းသိရသည်။ http://uniondaily.net/News/DetailView.aspx?id=22977&path=LocalNews.aspx

FG_AUTHORS: ပြည်ထောင်စု နေ့စဉ်

Read more http://www.facebook.com/permalink.php?story_fbid=462440077258842&id=139677556201764

 

 

နောက်ဆုံးရ သတင်းများ

Google+