ကက က္က

ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် ပြင်ဆင်လျက်ရှိသည့် ရေယာဉ်များ အမြန်ဆုံးပြန်လည်ပြေ...

ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် ပြင်ဆင်လျက်ရှိသည့် ရေယာဉ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး ဆောင်ရွက် ======================================= နိုင်နိုင် (မွန်) ======================================= မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့မှချောင်းဆုံမြို့နယ်နတ်မှော် ဆိပ်ကမ်းနှင့် ကလွီဆိပ်ကမ်း၊ ကျိုက်မရောမြို့မှ ချောင်းနှစ်ခွသို့ ဇက်၊ ရေယာဉ်များကြံ့ခိုင်မှုအားနည်းခြင်း ပြင်ဆင်လျက်ရှိသည့် ရေယာဉ်များ အမြန်ဆုံးပြန်လည် ပြေးဆွဲနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (သံလွင်ဌာနခွဲ)မှ လက်ထောက်မန်နေဂျာ ဦးလှဝင်းနိုင်က ပြောကြားသည်။ ''အခု ကျွန်တော်တို့ရဲ့ရေယာဉ်တွေကို ဧပြီ ၂၇ ရက်မှာ နေပြည်တော်ရုံးချုပ်က ညွှန်ကြားရေးမှူး ဦးစိုးနိုင်အဖွဲ့(၁)တို့က လာရောက်စစ်ဆေးတာ ကျွန်တော်တို့ မော်လမြိုင်မှာက လက်ရှိပြေးဆွဲနေတဲ့ လူစီးကုန်တင်ခုနစ်စင်းရှိ ကာတစ်စင်းကတော့လုံးဝကို ရပ်နားထားရပါတယ်။ ကျွန်တော်တို့ အခုပြေးဆွဲနေတာ ကတော့ ခြောက်စင်းရှိပါတယ်။ အဲ့ဒီခြောက်စင်းလုံးကို ခေတ္တရပ်နားခဲ့ပါတယ်။ ရေယာဉ်တွေအားလုံးကိုတော့ မေ ၁ ရက်မှာ စတင် ရပ်ထားခဲ့ပါတယ်။ အခုလောလောဆယ်တော့ ရေဘဝဲ (၁)ရေယာဉ်ကိုတော့ ဦးစားပေးပြီး ယခုဇွန်လဆန်းမှာ ပြန်လည်ပြေးဆွဲနိုင်ရန်အတွက် ပြင်ဆင်နေပါပြီ။ ရေဘဝဲ(၃) ရေယာဉ်ကိုတော့ သြဂုတ်လ ပထမပတ်ထဲမှာ ဆွဲနိုင်အောင် ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ ရေယာဉ်ခြောက်စင်း အနက်တစ်စင်းကတော့ လုံးဝပြင်ဆင်လို့မရနိုင်တဲ့အတွက် ရပ်ထားလိုက်တယ်။ ကျန်တဲ့ငါးစင်းကို စစ်ဆေးတဲ့အခါမှာလဲ ခရီးသွားပြည်သူတွေအတွက် လုံခြုံစိတ်ချမှုဘယ်လိုမှ မပေးနိုင်တဲ့အတွက် မေ ၁ ရက်က စပြီး ရပ်နားထားရပါတယ်။ ရခိုင်ပြည်နယ် မှာဖြစ်ပွားခဲ့တဲ့ သင်္ဘောနစ်မြုပ်မှုဟာ သင်္ဘောတွေကြံ့ခိုင်မှုမရှိလို့ဖြစ် ခဲ့တဲ့အတွက် မြန်မာတစ်ပြည်လုံးမှာရှိတဲ့ သင်္ဘောတွေကို ကြံ့ခိုင်မှုရှိ မရှိလိုက်လံစစ်ဆေးတာဖြစ်ကြောင်း၊ ခရီးသည်တင်ရေယာဉ်များ ကြံ့ခိုင်မှုအားနည်းသဖြင့် ရပ်နားထားရသည့်အတွက် မော်လမြိုင်မြို့ကနေ ချောင်းဆုံမြို့နယ်၊ နတ်မှော်ဆိပ်ကမ်း၊ ကလွီဆိပ်ကမ်း၊ကျိုက်မရောမြို့နယ်မှ ချောင်းနှစ်ခွသို့သွားလာနေသည့် ခရီးသည်များအနေဖြင့် အခုလောလောဆယ်တော့ အခက်အခဲဖြစ်မှာပါ။ ဒါပေမယ့်လဲပိုက်ဆံရတာတစ်ခု တည်းကြည့်လို့ မရပါဘူး။ ပြည်သူ အန္တရာယ်ဖြစ်မယ့်အတွက် ရပ်နားလိုက်တာပါ။ ကျွန်တော်တို့က ပိုပြီးပြေးဆွဲချင်တာပေါ့ ပြည်သူတွေ အသက်အန္တရာယ်နဲ့ ပိုက်ဆံနဲ့မလဲနိုင်ပါဘူး။ အခုလောလောဆယ်တော့ မော်တော်ဘုတ်ငယ်များနဲ့ သွားလာနေရပါတယ်။ ခရီးသွား တွေအတွက်တော့ အခက်အခဲရှိမှာပါ အထူးသဖြင့်တော့ နတ်မှော်နဲ့ ကလွီလမ်းသွားနေတဲ့ခရီးသည်က ပိုများတော့ အခက်အခဲရှိမှာပါ။ မိုးဦးလေဦးဆိုတော့ ပိုသတိထားရမှာဖြစ်တယ်။ ပဲ့ဂျိတ်တွေကတော့ ဟိုဘက်ဒီဘက်ခရီးတိုဆွဲကြတာပါ။ ခရီးနည်းနည်းရှည်တာကတော့ နတ်မှော်နဲ့ကလွီပဲရှည်တာဖြစ်တယ်။ အဓိကကတော့ ခရီးသွားပြည်သူတွေ အန္တရာယ်မဖြစ်ဖို့က အရေးကြီးပါတယ်'' ဟု ပြောကြားခဲ့သည်။ http://uniondaily.net/News/DetailView.aspx?id=22975&path=LocalNews.aspx

FG_AUTHORS: ပြည်ထောင်စု နေ့စဉ်

Read more http://www.facebook.com/permalink.php?story_fbid=462439993925517&id=139677556201764

 

 

နောက်ဆုံးရ သတင်းများ

Google+