ကက က္က

ကျားခဲနှင့် အကြည်ဘန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား =================...

ကျားခဲနှင့် အကြည်ဘန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား ======================================== တောင်သားမောင်သန်း ======================================== ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျားခဲကျေးရွာနှင့် အကြည်ဘန်း ကျေးရွာတို့တွင် မေ ၃ဝ ရက် ညနေက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျားခဲကျေးရွာတွင်သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် ၁ဝ လုံး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအပါအဝင် သက်ငယ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်သုံးလုံးတို့ အမိုးလန်ပျက်စီးသွားကြောင်း၊ အကြည် ဘန်းကျေးရွာတွင် လောကမာရဇိန်စေတီတော် ထီးတော်မြေခသွားကာ ဘုရားအာရုံခံ သွပ်မိုးဆောင်တစ်ဆောင်၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ ဆွမ်းစားဆောင်တစ်ဆောင်၊ သွပ်မိုး၊ အုတ်ညှပ် အထက(ခွဲ)နှစ်ထပ် ကျောင်းဆောင်တစ်ဆောင်၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ သက်ငယ်မိုး ဆောင်တစ်ဆောင်နှင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း လူနေအိမ်လေးလုံး၊ သက်ငယ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၄၄ လုံး၊ သုသာန်ဇရပ်သွပ်မိုးတို့ အမိုးလန်ပျက်စီးသွား ကြောင်းသိရသည်။ ထိုသို့ လေပြင်းတိုက်ခတ်သဖြင့် ကျားခဲရွာတွင် ငွေကျပ် ၃၃၉၃ရဝ ခန့်နှင့် အကြည်ဘန်းကျေးရွာတွင် ငွေကျပ် ၂ဝ၆၁၈ဝဝ ခန့် ဆုံးရှုံးမှုရှိကြောင်း သိရသည်။ http://uniondaily.net/News/DetailView.aspx?id=22974&path=LocalNews.aspx

FG_AUTHORS: ပြည်ထောင်စု နေ့စဉ်

Read more http://www.facebook.com/permalink.php?story_fbid=462439947258855&id=139677556201764

 

 

နောက်ဆုံးရ သတင်းများ

Google+