ကက က္က

နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်သင်တန်းဖွင့်ပွဲ အသက်ကယ်ကားနှင့် အလှူရှင်များအား...

နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်သင်တန်းဖွင့်ပွဲ အသက်ကယ်ကားနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ======================================= နိုင်နိုင် (မွန်) ======================================= မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ပြည်နယ်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက မြန်မာနိုင်ငံ Resuce လူမှုကယ်ဆယ်ရေးအဖွဲ့ မော်လမြိုင် Resuce လူမှုကယ်ဆယ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော နိုင်ငံတကာ အဆင့်မီအရေးပေါ် အသက်ကယ်သင်တန်းဖွင့်ပွဲနှင့် ကားအလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ခဲ့သည်။ ပထမဦးစွာမွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှဦးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြီးနောက် မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးဘိုဝင်းက လူမှုကယ်ဆယ်ရေးအဖွဲ့၏ ပညာပေးဇာတ်လမ်း Shout flim ကိုပြသခဲ့သည်။ ထို့နောက် အသက်ကယ်ကား လှူဒါန်းပေးခဲ့သည့် ဦးလင်းထင် မိသားစု၊ ဦးသိန်းထွန်း - ဒေါ်ချစ်ရင် အပါအလှူရှင် ၁၉ ဦးကို ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်းခဲ့သည်။ http://uniondaily.net/News/DetailView.aspx?id=22973&path=LocalNews.aspx

FG_AUTHORS: ပြည်ထောင်စု နေ့စဉ်

Read more http://www.facebook.com/permalink.php?story_fbid=462439917258858&id=139677556201764

 

 

နောက်ဆုံးရ သတင်းများ

Google+