ကက က္က

Myanmar's net

ပအိုဝ်းအမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲကို ဟိုပုန်းမြို့မှာ ၅ ရက်ကြာ ကျင်းပမည်

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၂၀ ရက် နေ့အထိ ရှမ်းပြည်နယ် ဟိုပုန်းမြို့မှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO ဥက္ကဌ ခွန်မြင့်ထွန်း က ပြောပါတယ်။

ဒီကနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်မှာ ပအိိုဝ်းတိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်ထောင် စုငြိမ်းချမ်းရေး ကော်မရှင်နဲ့ တပ်မတော်တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူလိုက်တာဖြစ်တယ်လို့ ခွန်မြင့်ထွန်း က ပြောပါတယ်။

"ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ့် နေ့ရက်နဲ့ နေရာကို ကျနော်တို့ အဓိကထားပြီး ဆွေးနွေး ညှိနှိုင်းကြတာဖြစ်ပါတယ်။ အဓိက နေ့ရက်ကတော့ အခုလာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျနော်တို့ ငါးရက်တာ ကျင်းပမှာဖြစ်ပါတယ်။ နေရာကတော့ ဟိုပုန်းမြို့ဖြစ်ပါတယ်။"

အရင်က ပအိုဝ်းအမျိုးသားတွေက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် အစိုးရရဲ့ သဘောထားအရ ဟိုပုန်းမြို့မှာ ပြောင်းရွှေ့ ကျင်းပဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အဲဒီအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ရှမ်းပြည်နယ်က ပအိုဝ်းတိုင်းရင်းသားတွေအပြင် နိုုင်ငံအနှံ့မှာ နေထိုင်တဲ့ ပအိုဝ်းကိုယ်စားလှယ်တွေလည်း ပါဝင်ကြမှာဖြစ်ပါတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/pnlo-political-discuss-02052017071228.html

 

 

နောက်ဆုံးရ သတင်းများ

Google+