ကက က္က

Myanmar's net

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်လောင်းတစ်ဦး ကွယ်လွန်

ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်ကနေ ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ဦးစိုင်းစံညွန့်ဟာ မဲဆွယ်စည်း ရုံးရေးကနေ အိမ်အပြန်မှာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။

ဦးစိုင်းစံညွန့်ဟာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကွင်းဆင်းပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ Heart Attack ဖြစ်ပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးပိုက်ထွေး က ပြောပါတယ်။

" သူ့မှာလည်း နဂိုထဲက သွေးတိုးနဲ့ နှလုံးရောဂါက အခံရှိတယ်ပြောတယ်ဗျ၊ သူနယ်မြေကွင်းဆင်းဆောင် ရွက်ပြီး ပြန်အလာ ခဏနားပြီး ရေချိုး ပြီးနောက်ပိုင်းမှာ သူ Heart attack ဖြစ်ပြီး ရင်ဘတ်အောင့် တယ်၊ အောင့်တယ် ဖြစ်ပြီးတော့မှ ဆုံးသွားတာပေါ့၊ နှလုံးသွေးတိုးရောဂါ အခံလည်းရှိတော့ အဲလိုဖြစ်သွား တာပါ"

သေဆုံးသွားတဲ့ ဦးစိုင်းစံညွန့်ဟာ အသက် ၅၁ နှစ်ရှိပြီဖြစ်ပြီး မိုင်းရှူးမြို့နယ် ပါတီအလုပ်မှုဆောင် ကော်မတီဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွ့ံဖြိုးရေးပါတီက လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၁၉ ဦး ကို ရွေးချယ်ထား တာဖြစ်ပေမယ့် အခုဆိုရင် မဲဆန္ဒနယ် ၁၈ နေရာမှာသာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၈ ဦး ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ကျန်တဲ့လစ်လပ် တစ်နေရာက ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့်ရက် နောက်ကျခဲ့တာဖြစ်ပါတယ်။

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလောင်း စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး လာမယ့် မတ်လ ၃၀ ရက်နေ့ အထိ မဲဆွယ်စည်းရုံးခွင့်ရရှိထားပါတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/usdp-party-member-dead-02052017063910.html

 

 

နောက်ဆုံးရ သတင်းများ

Google+