ကက က္က

Myanmar's net

NLD အစိုးရသက်တမ်း တစ်နှစ်ပြည့် အခမ်းအနား စင်္ကာပူမှာ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း တစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားနဲ့ စာပေဟောပြောပွဲကို စင်္ကာပူနိုင်ငံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဒီကနေ့ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။

NLD ပါတီရဲ့ နိုင်ငံရေးဖြတ်သန်းရာတစ်လျှောက် တွေ့ကြုံခဲ့တာတွေကို NLD ပါတီရဲ့ အဓိက ပုဂ္ဂိုလ်တွေက ဟောပြောကြတာဖြစ်ပြီး စင်္ကာပူနိုင်ငံရောက် မြန်မာ လူငယ်တွေသိစေဖို့ အတွက် ရည်ရွယ်တာဖြစ်တယ်လို့ အခမ်းအနားစီစဉ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုမျိုးဇေယျာဦးက ပြောပါတယ်။

စာပေဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ် အနီးကပ်နေထိုင်ခဲ့တဲ့ ဒေါ်ခင်ခင်ဝင်း၊ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနဲ့ မြန်မာ့လူမှုဘဝတိုးတက်မြင့်မားရေး အသင်းက ဦးနေမျိုးဇင်တို့က ဟောပြောကြပါတယ်။

လူအယောက် ၅၀၀ ဆန့်တဲ့ စင်္ကာပူနိုင်ငံရဲ့ MDIS ကျောင်းခန်းမကြီးထဲမှာ ကျင်းပတာဖြစ်ပြီး စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ခန်းမပြည့်တက်ရောက် ကြပါတယ်။

အခမ်းအနားမှာ NLD နာယက သူရဦးတင်ဦး ၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဒေါ်အောင် ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်တစ်လျှောက်လုံး ထမင်းချိုင့်ပို့ပေးခဲ့တဲ့ ဦးမြင့်စိုးနဲ့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးတို့က ဗွီဒီယိုကတဆင့် အမှတ်တရစကားပြောခဲ့ကြပါတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/nld-government-1-year-anniversary-03192017082931.html

 

 

နောက်ဆုံးရ သတင်းများ

Google+