ကက က္က

Myanmar's net

အမျိုးသမီးများအဖွဲ့ချုပ် ခေါင်းဆောင် သစ်တွေနဲ့ ပြည်တွင်းပြောင်းမည်

ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့အခြေစိုုက် အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုုင်ငံ WLB ရဲ့ ၉ ကြိမ်မြောက် ညီလာခံ ကနေ ခေါင်းဆောင်အသစ်တွေ ရွေးချယ်လိုက်ပြီး နှစ်ပေါင်းများစွာ နယ်စပ်ဒေသတွေမှာ အခြေစိုက်ရာ ကနေ ပြည်တွင်း ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အမျိုးသမီးများ အဖွဲ့ချူပ် မြန်မာနုုိင်ငံ WLB ရဲ့ ညီလာခံကိုု ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အခုုလိုု ပြည်တွင်းမှာ ပြောင်းရွှေ့ အခြေစိုုက်လုုပ်ဆောင်သွားကြဖိုု့ ဆုုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ အဖြစ် အသစ်ခန့်အပ်ခံရတဲ့ မော််ဒေးမြာက RFA ကိုု အခုုလိုု ပြောပါတယ်။

"မြန်မာနိုုင်ငံက အမျိုးသမီးတွေက အကြောင်းအရင်းတွေ အများကြီးရှိတယ်၊ လက်ရှိ ဖြစ်နေတဲ့ နိုုင်ငံရေး အခင်းအကျင်းကောပေါ့နော် စစ်ပွဲတွေ တိုုးလာနေတဲ့အပေါ်မှာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြီးတော့ ထိုုးစစ်ဆင်မှုတွေ ပြီးတော့ ဒုုက္ခသည်တွေရဲ့ အခြေအနေတွေ၊ ပြီးတဲ့ အခါမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး ချိုးဖောက်နေမှုနဲ့ ပတ်သက်တဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေ ပြီးတော့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် အမျိုးသမီးတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ၊ အဲ့ဒါတွေ အကုုန်လုုံး အပေါ်မှာ အခြေခံပြီးတော့ သုုံးသပ်လိုုက်တဲ့ အခါမှာ ဒီကိစ္စကိုု လုုပ်ဆောင်ဖိုု့ လိုုလာပြီ ဆိုုပြီးတော့ ဆုုံးဖြတ်ခဲ့ကြတယ်ပေါ့နော်"

အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနုုိင်ငံ WLB အဖွဲ့ကိုု ဦးဆောင်အကြံညဏ်ပေးနိုုင်ဖိုု့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ အဖြစ် အဖွဲ့ဝင် ကိုုယ်စားလှယ် တစ်ဦးကျစီ ပါဝင်တဲ့ အဖွဲ့ဝင် ၁၃ ယောက်နဲ့ ဖွဲ့စည်းပြီး WLB ရဲ့ အတွင်းရေးမှူး အဖွဲ့ကိုုတော့ အထွေထွေအတွင်းရေးမှူး အဖြစ် ပလောင် အမျိုးသမီး များအဖွဲ့ PWO က မလွေးပိုုးငေး ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ တာဝန်ကိုု တော့ ကရင်အမျိုးသမီးအဖွဲ့ KWO က နော်ဆဲဆဲ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ တာဝန် ကိုုတော့ ကရင်နီ အမျိုးသမီးအဖွဲ့ KNOW မော်ဒေးမြာ တိုု့ကိုု ခန့်အပ်ခဲ့ကြတယ်လိုု့ သိရပါတယ်။

WLB အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ တရားမျှတတဲ့ လူ့ဘောင်အဖွဲ့အစည်း ကို ရှေးရှု့ပြီး အမျိုးသမီးတွေရဲ့ ဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံတွေမှာ အခြေစိုက်တဲ့ အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့နဲ့ ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/wlb-conference-chingmai-03192017065052.html

 

 

နောက်ဆုံးရ သတင်းများ

Google+