ကက က္က

Myanmar's net

ကျပ်သိန်းပေါင်းခြောက်ထောင် မူးယစ်တွေမိ

ထိုုင်း မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုုင်း တာချီလိတ်မြို့မှာ ကျပ်ငွေသိန်းပေါင်း ခြောက်ထောင်ကျော် တန်ဖိုုးရှိတဲ့ မူးယစ်ဆေးဝါးတွေကိုု မတ်လ ၁၈ ရက်နေ့ မနေ့ညနေက ဖမ်းဆီးရမိပါတယ်။

မူးယစ်ဆေးတွေ ဖမ်းဆီးရမိတဲ့နေရာက တာချီလိတ်မြို့အထွက် လွယ်တော်ခမ်း ပူးပေါင်းစစ်ဆးရေးဂိတ်မှာ မိုုင်းဆတ်မြို့ဖက်ကိုုသွားတဲ့ Vigo ကားတစ်စီးပေါ်က ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ တာချီလိတ် မူးယစ်တပ်ဖွဲ့က ဒုုတပ်ကြပ် တိုုးမြင့်အောင် က RFA ကိုု ပြောပါတယ်။

"ဒီတာချီလိတ်ဖက်ကနေ မုုိင်းဆတ်ဖက်ကိုု သွားမှာပေါ့ အဲ့ကားက၊ ယာဉ်မောင်းနဲ့ နောက်က ၂ ယောက် ပါတာပေါ့။ စုုစုုပေါင်း သုုံးယောက်၊ သူတိုု့က ဘာပစ္စည်းမှ မတင်လာဘူး ခါလီပေါ့ ၁၉:၁၀ အချိန်လောက် ရောက်လာတော့ အဲ့မှာ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးတဲ့အချိန်မှာ အဲ့မှာ အနောက်က ကြမ်းခင်းကိုု နှစ်ထပ်လုုပ်ပြီးမှ အံဝှက်ထဲမှာ ထည့်လာတဲ့ စိတ်ကြွဆေးမှုန့် အထုုတ်တွေ တွေ့တာပေါ့၊ အားလုုံး ကီလိုုကတော့ ၄၀ ဒသမ ၈ ကီလိုုပေါ့။ စုုစုုပေါင်း တန်ဖိုုးကတော့ ကျပ်သိန်းပေါင်း ၆၁၂၀ ပေါ့"

ကားပေါ်ပါသူ ၃ ဦးကို တာချီလိတ်မြို့မ ရဲစခန်းမှာ အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း တာချီလိတ်မြို့က မဲခေါင်ရပ်ကွက်မှာ ကျပ်ငွေ သိန်းတစ်သောင်းခွဲကျော် တန်ဖိုုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ အတူ မူးယစ်ဆေး ထုုတ်လုုပ်ရာမှာ အသုုံးပြုတဲ့ပစ္စည်းတွေကိုု ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/drugs-arrest-tarchilate-03192017052419.html

 

 

နောက်ဆုံးရ သတင်းများ

Google+