ကက က္က

Myanmar's net

ရခိုင်ကော်မရှင် အစီရင်ခံစာ EU ထောက်ခံ

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံ စာကို EU ဥရောပ သမဂ္ဂက ထောက်ခံလိုက်ပါတယ်။

EU ရဲ့ မတ်လ ၁၈ ရက် မနေ့က ကြေညာချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးအပ်ခဲ့တဲ့  ကိုဖီအာနန် ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာဟာ ရခိုင်ပြည်နယ် ဒေသခံပြည်သူ သန်းပေါင်းများစွာ အတွက်သာမက အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်း တစ်ခုလုံးအတွက်ပါ အရေးကြီးကြောင်းနဲ့ မြန်မာအစိုးရက အဲဒီအစီရင်ခံစာပါ အချက်တွေကို အမြန်ဆုံး အကောင်အထည်ဖေါ်မယ်လို့ ထုတ်ပြန်ပြောဆိုခဲ့တာကို EU က ကြိုဆိုကြောင်း ဖေါ်ပြထားပါတယ်။ တဆက်တည်းမှာပဲ အဲဒီကြားဖြတ်အစီရင်ခံစာမှာ ထောက်ခံတင်ပြထားတဲ့အချက်တွေဟာ မိမိတို့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ရှေးမဆွကတည်းက တောင်းဆိုခဲ့တဲ့အတိုင်း ရခိုင်ပြည်နယ်မှာ နိုင်ငံမဲ့အဖြစ် ခွဲခြားဆက်ဆံခံရ မှုတွေ ပပျောက်ရေး၊ ဒေသခံအားလုံး ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေး တန်းတူညီမျှ ရရှိရေးနဲ့ လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်မှုတွေ ရုပ်သိမ်းရေးစတဲ့ အချက်တွေကို ပိုမိုခိုင်မာစေပါကြောင်း ပါရှိပါတယ်။ အဆုံးသတ်မှာတော့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာပါ အချက်တွေကို အပြည့်အဝ ထောက်ခံကြောင်းနဲ့ ဒီကိစ္စ အကောင်အထည်ဖေါ်ရေးအတွက် မြန်မာအစိုးရကို မိမိတို့ ကူညီဖို့ အသင့်ရှိပါကြောင်း ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

Authors: လွတ်လပ်သော အာရှ အသံ

Read more http://www.rfa.org/burmese/news/rakhine-state-commission-03182017230022.html

 

 

နောက်ဆုံးရ သတင်းများ

Google+