ကက က္က

 

အင်တာနက် လွတ်လပ်ခွင့် ကြေညာစာတမ်း
Declaration of Internet Freedom

အမျှော်အမြင်ရှိသည့် ကမ္ဘာ့အင်တာနက်ချစ်သူများမှ နိုင်ငံတကာတွင် ဘာသာပေါင်းစုံဖြင့် ရေးထိုးထားကြသော အောက်ပါ ကြေညာစာတမ်းကို မြန်မာပြည်သား မည်၍မည်မျှကလည်း ရေးထိုးထားကြောင်း မှတ်တမ်း တင်ထားနိုင်စေရန် ဤစာမျက်နှာကို ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့တွင် ဂုဏ်ပြု လွှင့်တင်လိုက်ပါသည်။

 

အချီး

ကျွန်ုပ်တို့သည် လွတ်လပ်၍ပွင့်လင်းမြင်သာသော အင်တာနက်သည် ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုကို ယူဆောင်လာနိုင်မည်ဟု ယုံကြည်ပါသည်။ အင်တာနက်ကို ဆက်လက်ပြီး လွတ်လပ်၍ ပွင့်လင်းမြင်သာမှု ရှိစေရန် လူမှုအသိုင်းအဝိုင်းများ၊ လုပ်ငန်းနယ်ပယ်များနှင့် နိုင်ငံများကို ဤဥပဒေသများကို နားလည်သိရှိစေရန် တောင်းဆိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ၄င်းအဖွဲ့အစည်းအသိုင်းအဝိုင်းများက ပို၍တီထွင်ဖန်တီးနိုင်စွမ်း၊  ပို၍ဆန်းသစ် ပြောင်းလဲနိုင်စွမ်းနှင့် ပို၍ပွင့်လင်းမြင်သာသော လူမှုပတ်ဝန်းကျင်များကို သယ်ဆောင်လာနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လွတ်လပ်ခွင့်များကို ကာကွယ်ရန်အတွက် အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုတစ်ခုတွင် ပါဝင်ပါမည်၊ ၄င်းတို့သည် တိုက်ခိုက်ဆောင်ယူရန် ထိုက်တန်သည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။

ဤဥပဒေသများကို ဆွေးနွေးကြပါစို့၊ ၄င်းတို့နှင့်ပတ်သက်၍ သဘောတူကြ၊ သို့မဟုတ် သဘောမတူကြပါနှင့်၊ ငြင်းခုန်ပြောဆိုကြပါ၊ ကိုယ်ပိုင်ဥပဒေသများ အဖြစ်ပြောင်းလဲကြပါ၊ မိမိတို့ အသိုင်းအဝိုင်းနှင့် ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးကြပါ၊ အင်တာနက်ကသာ ၄င်းတို့ကို အမှန်တကယ်ဖြစ်လာစေရန် လုပ်ဆောင်နိုင်စွမ်းရှိ၍ ဖြစ်ပါသည်။

အင်တာနက်ကို လွတ်လပ်၍ ပွင့်လင်းမြင်သာစွာ ဆက်လက်တည်ရှိစေရန် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါဝင်ကြပါ။

 

 

ကြေညာချက်

  • ကျွန်ုပ်တို့သည် လွတ်လပ်၍ ပွင့်လင်းမြင်သာသော အင်တာနက်အတွက် ရပ်တည်ပါသည်။
     
  • ကျွန်ုပ်တို့သည် အင်တာနက် ပေါ်လစီကိုဆောင်ရွက်ရာနှင့် အခြေခံမူဝါဒ ငါးချက်ကို တည်ဆောက်ရန်အတွက် ပေါ်လွင်၍ အများပါဝင်နိုင်သော လုပ်ရပ်များကို အားပေးထောက်ခံပါသည်။
      
    • ထုတ်ဖော်ခြင်း၊

      အင်တာနက်ကို ဆင်ဆာမဖြတ်ရန် 
       
    • ရယူအသုံးပြုခြင်း၊ 

      လျင်မြန်၍ တတ်နိုင်သော ကွန်ယက်များကို အလုံးစုံရယူအသုံးပြုနိုင်ရန် အသိမြှင့်တင်ကြရန် 
       
    • ပွင့်လင်းမြင်သာမှု၊ 

      အင်တာနက်ကို လူတိုင်းက လွတ်လပ်စွာ ချိတ်ဆက်နိုင်၊ ဆက်သွယ်နိုင်၊ ရေးနိုင်၊ ဖတ်နိုင်၊ စောင့်ကြည့်နိုင်၊ ပြောဆိုနိုင်၊ နားထောင်နိုင်၊ သင်ယူနိုင်၊ ဖန်တီးနိုင်ပြီး ဆန်းသစ်တီထွင်နိုင်ရန် ပွင့်လင်းသော ကွန်ယက်တစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားရန် 
       
    • ဆန်းသစ်တီထွင်မှု၊ 

      ခွင့်ပြုချက်မလိုအပ်ဘဲ ဆန်းသစ်တီထွင် ဖန်တီးနိုင်ရန် လွတ်လပ်ခွင့်ကို ကာကွယ်ကြရန်၊ နည်းပညာအသစ်များကို မပိတ်ပင်ဘဲ ဆန်းသစ်ဖန်တီးသူများကို ၄င်းတို့၏ အသုံးပြုသူများအနေဖြင့် လုပ်ဆောင်မှုများကို အပြစ်မပေးရန်
       

    • တစ်ဦးချင်းလွတ်လပ်ခွင့်၊ 

      တစ်ဦးချင်းလွတ်လပ်ခွင့်ကို ကာကွယ်ပြီး လူတစ်ဦးချင်းစီ၏ ၄င်းတို့၏ အချက်အလက်များနှင့် စက်ပစ္စည်းကိရိယာများကို အသုံးပြုပုံနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်စွမ်းကို ကာကွယ်ရန် 

 

 --------------------------------------------------

ဤကြေညာစာတမ်းကို ကြိုက်ရင်၊ သဘောတူရင် မှတ်ချက် ရေးခဲ့ပါ။

သဘောတူကြောင်း/ မတူကြောင်းနှင့် သင့် ထင်မြင်ယူဆချက်ကို  အောက်တွင် ရေးသားထားခဲ့ပါရန် မေတ္တာရပ်ခံပါသည်။

Ref: English version of the Internet Freedom Declaration.

 

 

နောက်ဆုံးရ သတင်းများ

Google+