Myanmar Laws

မြန်မာ ဥပဒေများ (Myanmar Laws)

၂၀၁၁ - ယနေ့

‘ဥပဒေတွေ ရေးထားတာ ဘာတွေမှန်း မသိဘူး။ နားမလည်ဘူး’လို့ ဆင်ခြေပေးပြီး၊ ရှောင်ကွင်းနေရင်တော့ သေချာပါတယ်။ တစ်နေ့ကျရင် ဒုက္ခရောက်ဘို့ များပါတယ်။ အဲဒီလောက် မခက်ပါဘူး။ ကြိုးစား ဖတ်ကြည့်ပါ။ ၅၀% မကတော့ နားလည်ပါလိမ့်မယ်။ ဥပဒေ ဆိုတာ နိုင်ငံတစ်နိုင်ငံစီမှာ ရှိတဲ့ နေထိုင်သူတိုင်း (နိုင်ငံသား+ နိုင်ငံခြားသား တိုင်း) လိုက်နာရမယ့် စည်းကမ်းတွေ ဖြစ်ပါတယ်။ ကိုယ့် စည်းကမ်းမှ ကိုယ်မသိရင် အဲဒီတိုင်းပြည် ဘယ်လိုနေမလဲ? ဥပဒေဆိုတာ အများအားဖြင့် ချိုးဖောက်ရင် ထောင်ဒဏ်၊ ငွေဒဏ်တွေ ပါလာတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်ပါတယ်။ မသိလိုက်လို့ ခံလိုက်ရတာမျိုး မဖြစ်အောင်၊ မသေချာလို့ သိချင်တဲ့အခါ ရှာလို့ရအောင်၊ ရည်ညွှန်းလို့ရအောင် ပြည်သူအများအတွက် ခေတ်အလိုက် ဥပဒေများကို  စုစည်း တင်ပြထားပါတယ်။

ဥပဒေ တစ်ခုချင်းနဲ့ ပတ်သက်လို့ ပြင်သင့်တာ၊ ဖြည့်စွက်သင့်တာတွေကို အကြံပေး တောင်းဆိုချင်တယ်ဆိုရင် သက်ဆိုင်တဲ့ ဥပဒေကို ရှာဖတ်ကြည့်ပါ။ အဲဒီဥပဒေ ဖော်ပြထားတဲ့ စာမျက်နှာရဲ့ အောက်ဆုံးမှာ facebook comment box မှာ ရေးသား အကြံပေး ဆွေးနွေး ရေးသားပေးပါ။ ကျွန်တော် ကျွန်မတို့ ပြည်သူတွေရဲ့ လိုလားမှုတွေကို law maker တွေ သိဘို့ စတုတ္ထ မဏ္ဍိုင်ကနေ သူတို့ သိအောင် ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး ဝိုင်းကြိုးစားရပါမယ်။ 

ကျွန်တော်တို့ ကိုယ်စား လွှတ်တော် တက်ခိုင်းထားတဲ့ ပြည်သူ့ကိုယ်စားလှယ် အားလုံးမှာ ပြည်သူတွေ လိုအပ်ချက်တွေ တောင်းဆို အဖြေရှာပေးဘို့ တာဝန်ရှိပါတယ်။ အလှည့်ကျ အစိုးရဖွဲ့ကြတဲ့ ပြည်သူ့ အစိုးရ ဆိုတာတွေကလည်း ပြည်သူတွေရဲ့ လိုလားချက်တွေကို အဖြေရှာ ဖြည့်ဆည်းပေးဘို့ အမြဲတာဝန်ရှိပါတယ်။ 

/ အယ်ဒီတာ 

  

Here is the collection of the laws enacted in Myanmar from 1-Apr-2011 till today, by the democratic government. ၁-၄-၂၀၁ နောက်ပိုင်း ယခုလက်ရှိ ဒီမိုကရေစီ အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သော ဥပဒေများကို စုစည်း တင်ပြထားပါသည်။
Title Hits
2014-08-01 - နိုင်ငံတကာအကျိုးစီးပွားနှင့်သက်ဆိုင်သည့် လေယာဉ်ပစ္စည်းကိရိယာများဆိုင်ရာဥပဒေ 98
2014-07-31 - ကာလစည်းကမ်းသတ်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 83
2014-07-30 - ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 68
2014-07-29 - မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ 61
2014-07-24 - လမ်းမကြီးများဥပဒေကို ပြင်ဆင်သည့် ဥပဒေ 50
2014-07-23 - အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ 74
2014-07-18 - ၁၉၅၁ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 108
2014-07-18 - အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ 55
2014-07-01 - ကြိမ်ဒဏ်ပေးခြင်း အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ 98
2014-06-24 - ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 144
2014-06-05 - ၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေ 130
2014-04-01 - အမျိုးသားဆေးဝါးဥပဒေကို ပြင်ဆင်သည့် ဥပဒေ 252
2014-03-28 -၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ 252
2014-03-28 - ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ 310
2014-03-28 - မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 240
2014-03-28 - မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ 218
2014-03-28 - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် -၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ 189
2014-03-24 - ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 281
2014-03-24 - ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 227
2014-03-19 - ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 210
2014-03-14 - သတင်းမီဒီယာဥပဒေ 288
2014-03-14 - ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ 237
2014-03-14 - စားသုံးသူအကာအကွယ်ပေးရေးဥပဒေ 230
2014-03-14 - ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ 260
2014-03-12 - ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ 190
2014-02-28 - မြန်မာနိုင်ငံ ရဲညွန့်တပ်ဖွဲ့ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ 250
2014-02-28 - တိုင်းရင်းဆေးဝါးဥပဒေကို ပြင်ဆင်သည့် ဥပဒေ 197
2014-02-25 - အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 247
2014-02-06 - အဆိပ်များအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 222
2014-02-06 - ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ 219
2014-01-31 - ဘက်စုံပို့ဆောင်ရေးဥပဒေ 207
2014-01-25 - ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ 193
2014-01-23 - ၂ဝ၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ 263
2013-11-28 - မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ 528
2013-10-22 - မြန်မာနိုင်ငံ ကုန်စည်အမှတ်အသားများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 405
2013-10-15- မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 406
2013-10-15 - မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 364
2013-10-08 - ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 518
2013-10-08 - တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ 563
2013-10-08 - ဆက်သွယ်ရေးဥပဒေ 653
2013-08-30 - အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ 560
2013-08-20 - မြစ်ကျဉ်းသွားလာရေးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 455
2013-08-20 - မျက်စိလှူဒါန်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 406
2013-08-13 - အမျိုးသားအစားအသောက် ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 581
2013-08-07 - အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ 686
2013-08-06 - ၂ဝ၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ 425
2013-07-31 - သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ 475
2013-07-31 - ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ 586
2013-07-29 - လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ 521
2013-07-29 - မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ 676

မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ


ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.